
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုး သည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်းငှက်ပျောသီး အကြီး တစ်ဖီးလျှင်(၂၅၀၀)ကျပ်၊ အသေး တစ်ဖီးလျှင်(၂၀၀၀)ကျပ်၊ ဝက်မလွတ် (ဘရာဇီး)ငှက်ပျော အကြီး တဖီးလျှင်(၃၀၀၀)ကျပ်၊ အသေး တဖီးလျှင်(၂၅၀၀)ကျပ်၊ ကသည်းငှက်ပျော (ခေါ်)ရခိုင် ငှက်ပျောသီး အကြီးတစ်ဖီးလျှင်(၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော ရိုးရိုး အကြီး တစ်ဖီးလျှင် (၂၅၀၀)ကျပ် နှင့် အသေး တစ်ဖီးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ဖီးကြမ်းငှက်ပျောသီးဈေး အနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)