မုံရွာမြို့၊ မန်ကျည်းပင်ဈေးရှိ ကြက်ဟင်းခါးသီးနှင့် ဗုံလုံသီးဈေးနှုန်း

Powered by Drupal

    မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မန်ကျည်းပင်ဈေးအတွင်းသို့ ရာသီစာ အသီး အရွက်များအပြင် ကြက်ဟင်းခါးသီးနှင့် ဗုံလုံသီးများ လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးများကို ပုစွန်ဖြင့် အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့် ရောမွှေ၍ ကြော်ချက်၍ သော်လည်းကောင်း၊ ဝက်သားဖြင့် ရောချက်၍လည်းကောင်း စားသုံးနိုင်ကြပါ သည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မန်ကျည်းပင်ဈေး၌ ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၁၀၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးအသေးတစ်တောင့်လျှင် (၈၀၀)ကျပ်၊ ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အတောင့်ရှည် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေးတစ်ပိဿာလျှင် (၂၂၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)