
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း မျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက် ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ဝက်သားဈေးနှုန်းများမှာ ပေါင်သား(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ဩဂုတ်လ တတိယပတ်အတွင်း အမဲသားသန့်(၁)ပိဿာလျှင်(၂၉၀၀၀)ကျပ်၊ ရိုးရိုး(၁)ပိဿာလျှင် (၂၄၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဝက်သား(၁)ပိဿာလျှင် (၂၀၀၀)ကျပ်ကျဆင်း၍ အမဲသား(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း အသားရောင်းချသူများထံမှ သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)