၂ဝ၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

    ၂၁.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

    ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်းက အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ “ကလေးများအနာဂတ်လှပဖို့၊ မိခင်နို့ချို တိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့” ဆိုပြီး ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားပါကြောင်း၊ ပြည်သူများ ဘဝ တစ်လျှောက်လုံး အာဟာရပြည့်ဝမျှတအောင် နေထိုင်စားသောက်တတ်ပြီး အနာရောဂါ ကင်းရှင်းကာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့်မိခင်နှင့် ကလေးသေနှုန်းများ ကျဆင်းစေရေး၊ အာဟာရပြည့်ဝပြီး ကာယနှင့်ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ် လူငယ်များ ပေါ်ထွက်လာစေရေး၊ ကလေးများ၏ အနာဂတ်မှာ ကျန်းမာဖွံ့ဖြိုး သာယာစေရေးအတွက် အခြေခံကျပြီး အရေးပါသည့်အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးကြရန်အလေးအနက် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)