ဘားအံမြို့ရှိ အမှတ်(၁) ရပ်ကွက်အတွင်း ဆေးဆိုင်များအား  ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၂၆-၈-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  အမှတ်(၁) ရပ်ကွက်အတွင်း  ရောင်းချနေသော ဆေးဆိုင်များသို့  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ဆေးဝါးများကိုသာ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏  ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် ၊ ဆေးဝါးများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(DOCA ကရင်)