
(၂၆-၈-၂၀၂၅) ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ်(၁) ရပ်ကွက်အတွင်း ရောင်းချနေသော ရပ်ကွက်လက်လီဆိုင်သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ဗားဗားဆေးဆိုင်သို့ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးဖြစ်သည့် ကလေးအာဟာရနို့မှုန့် Dupro အမှတ်တံဆိပ် နှင့် Gaullac အမှတ်တံဆိပ်တို့ တွင် ကုန်အညွှန်းအမှတ် အသား ပြည်စုံစွာဖော်ပြထားမှု ရှိကြောင်းစိစစ်တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင် က ဗားဗား ဆေးဆိုင် တွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် ကလေး အသုံးအဆောင် ပစ္စည်းအမျိုးမျိုး တို့ကို သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(DOCA ကရင်)