အိမ်သုံးဆေးဝါးနှင့် ဆေးဝါးဆက်စပ်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့ နံနက် (၁၀ : ၀၀ )အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့် ဆေးဝါးဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးနှင့်ဆေး ပစ္စည်းများပြတ်လပ်ခြင်း၊ စပ်ဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းအားဆောင်ရွက်ခဲ့ပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ရောင်းချနေသော အိမ်သုံး ဆေးဝါးများ နှင့်ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါး များရောင်းချခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ဈေးကစား ခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊  ဆေးများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများထံမှ မှာယူ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန ဆေးဝါးမှတ်ပုံတင်ပါရှိသောဆေးဝါးများနှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ပါကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိဆေးဝါးများသာ ဝယ်ယူရောင်းချကြရန် အသိပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)