အသား၊ငါးတန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

Powered by Drupal

        ကယားပြည်နယ်၊ လွိုင်‌ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ပြည်နယ်ကျန်းမာရေး၊မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် အသား/ငါး ရောင်းချသည့် အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်အသား/ငါးတန်းများ စစ်ဆေးဆောင်ရွက်ခဲ့ရာ အသား/ငါးများ ရောင်းချရာတွင်သန့်ရှင်းသောရောင်းချမှုစနစ်ဖြစ်စေရန် ယင်လုံဇကာများဖြင့် ဖုံးအုပ်ရောင်းချစေ ရေး၊ကျန်းမားရေးနှင့်ညီညွှတ်စေရန်လတ်ဆတ်သောအသား/ငါးများကိုသာရောင်းချစေရေး၊ အသား/ ငါးများဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊စည်ပင်သာယာရေးအဖွဲ့မှသတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာရောင်းချစေရေးနှင့်အသား/ငါးများရောင်းချရာတွင် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)