ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ Octane(92) တစ်လီတာလျှင် (၃၇၈၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၅၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၀၀၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။
ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၆၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၂၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၁၀၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၇၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၂၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၃၅)ကျပ် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်(၉၅)ကျပ်၊ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၇၅) ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ကယား)