ကျွန်းလှမြို့တွင် ရောင်းချနေသော သကြားခွေနှင့် ဇီးပြား ဈေးနှုန်း

Powered by Drupal

          ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် သကြားခွေနှင့် ဇီးပြားများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြားဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၈၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၁၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း သကြားခွေ ဈေးနှုန်းအနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေး နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ထက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဇီးပြားဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)