ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်း နှင့်ဝန်ထမ်းများသည်(၂၅.၈.၂၀၂၅)ရက်နေ့၊နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍အိမ်မဲမြို့နယ်၊မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှအိမ်မဲမြို့နယ် မြို့မဈေးရှိ ကုန်မျိုးစုံဆိုင် များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ။
DOCAဧရာဝတီ)