ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြည့်ကြပ်မှု့ဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စးအုန်းဆီ၊ ကြက်ဥတို့ကို သက်သာဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန် တစ်ပြည်ကို(၂၀၀၀)ကျပ်၊ ဆီ တစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် မည်သူမဆိုလွတ်လပ်စွာ ဝယ်နိူင်ရန်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
( DOCAဧရာဝတီ)