ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချမှုကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မနှင့် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုနှင့် ဆန်အမျိုးအစားလိုင် ဈေးနှုန်း အခြေအနေအား (၂၅-၈-၂၀၂၅)ရက်နေ့  နံနက်(၁၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ တို့သည် မြို့နယ်စည်ပင်သာယာဈေးနှင့် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များ ဖြစ်ကြသော အောင်ကမ္ဘာဆန်ဆိုင်၊ သရဖူဆန်ဆိုင်၊ ဦးတရုတ်ကြီး၊  ဓနုသားဆန်ဆိုင်၊ ဖျာပုံဆိုင်၊ ကေဆဲဗင်းဆန်ဆိုင် ရပ်ကွက်များ အတွင်း ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဆန်ဆိုင်လုပ်ငန်းရှင်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ပုသိမ်ပေါ်ဆန်း၊ ကျားပျံ၊ ဖျာပုံ တောင်ပျံ၊ ရက် ၉၀ဆန်၊ မနောသုကဆန်၊ ဧည့်မထစသည့်ဆန် အမျိုးအစားအလိုက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဩဂုတ်လ ထုတ်ပြန်ပေးထားသော ရည်ညွှန်းဈေးဖြင့်  သင့်တင့်မျှတသည့် ဈေးဖြင့် ဆန်ဈေးကွက်၊ ဈေးနှုန်းများ ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်ဈေးထက် အဆမတန် ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ ဆန်အမျိုးအစားအလိုက် လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး စားသုံးသူကာ ကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)