
မအူပင်ခရိုင်၊ ကျန်းမာရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ ၂၂-၈-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က ကွမ်းနှင့် ဆေးလိပ် ဆေးရွက်ထုတ်ကုန် ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။
အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မအူပင်မြို့နယ် ရပ်ကွက်များအတွင်း ရောင်းချနေသော ကွမ်းရွက်ကြီး၊ ဆေးရွက်ကြီးရောင်းချသော ဆိုင်(၈)ဆိုင်မှ ကုန်ပစ္စည်းများ၌ ကျန်းမာရေးဦးစီးဌာန၏ ဆေးလိပ်၊ ဆေးရွက်ထွက်ပစ္စည်းအမျိုးမျိုးတွင် သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ ဈေးကွက်အတွင်း စံသတ်မှတ် ချက်နှင့်အညီ ထုပ်ပိုးခြင်း၊ ကျန်းမာရေး သတိပြုရုပ်ပုံများ၊ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်နှင့်အညီ လိုက်နာဆောင်ရွက် ရောင်းချထုပ်ပိုးထားမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး အမိန့်ပါသတ်မှတ်ချက်နှင့်မညီသော ကုန်စည်များရှိပါက ဆိုင်ရှင်များ သိရှိလိုက်နာနိုင်ရန်အတွက် ပညာပေးပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ရန်အတွက် အမိန့်ပါဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)