ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့်  ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံများနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအကြီး (၁)လုံးလျှင် (၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၇၀)ကျပ်၊ လက်ကား(၁၀)လုံးလျှင် (၅၅၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀)ကျပ်နှင့် ငုံးဥ (၇)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဥ(၁)လုံးလျှင် (၅၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကြက်ဥလက်လီ /လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)