ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၂-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၀)ကျပ်၊ 95 Octance(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၅၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

            ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၆၅)ကျပ်၊ 95 Octance(၃၁၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၁၀)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၂၀)ကျပ်၊ 95 Octance တွင်(၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)