အသိပညာပေး Talk Show အစီအစဉ်ကျင်းပပြုလုပ်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပက်သက်၍ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          ထိုအစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်စိုးက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ၊ ပုဒ်မ ၄၁ ၊ ၄၂ ၊ ၄၃ တို့တွင် ဖော်ပြထားရှိပြီး စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏တံဆိပ်အမှတ်အသား၊ အရွယ် အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ဘေးထွက်ဆိုးကျိုးကြိုတင်သတိပေးမှု၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ တွဲလျက်ဖော်ပြရမည်ဖြစ်ပါ သည်။

          ထို့နောက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖြင့် မဖြစ်မနေ ထည့်သွင်းလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအရ သတင်း ရရှိပါသည်။

(Doca ဧရာဝတီ)