
မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် မြိတ်ခရိုင်အတွက်လိုအပ်သော ဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး (၂၂.၈.၂၀၂၅)ရက်နေ့တွင် Global Good Pure Group ကုမ္ပဏီမှ ဝယ်ယူ၍ မော်တော်ယာဉ်အမှတ် 6D-4521 ဖြင့် စားအုန်းဆီ ပေပါ (၇၂) နှင့် Myanmar Oil Alliance ကုမ္ပဏီမှ ဝယ်ယူ၍ မော်တော်ယာဉ်အမှတ် (6L-9618) ဖြင့် စားအုန်းဆီ ပေပါ (၆၆)တို့သည် ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၆)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောက်ရှိလာသောစားအုန်းဆီများကို ဆီအရောင်းကိုယ်စားလှယ်မှ ၂ ရာခိုင်နှုန်း အမြတ်ဖြင့် လက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)