“ သုံးခွမြို့၏ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန် ကုန်ခြောက်ဈေးနှုန်းများ ”

Powered by Drupal

       စက်တင်ဘာလ ပထမပတ်တွင် သုံးခွမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံ စားကုန် ကုန်ခြောက် ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (ဆိုဒ်စုံ)တစ်ပိဿာလျှင် (၁၄၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငရုပ်ရှည် တစ်ပိဿာလျှင် (၁၁၀၀မှ ၁၆၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မန်းကျည်းသီး တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ အိုင်အိုဒင်းဆား တစ်ထုတ်လျှင် (၁၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ် လျှက်ရှိကြောင်း သိရသည်။

    အခြေခံစားကုန် ကုန်ခြောက်ဈေးနှုန်းများအနေဖြင့် ယခုအပတ်တွင် ပစ္စည်းအမျိုးအစား အလိုက် သိသာထင်ရှားစွာ ပြောင်းလဲမှု မရှိကြောင်း ဝယ်ယူရရှိသည့် ပစ္စည်း အမျိုးအစားအလိုက် အနည်းအကျဉ်းသာ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း၊ ကုန်ခြောက်ပစ္စည်းများအား ရန်ကုန်ဘုရင့် နောင်ပွဲရုံမှ ဝယ်ယူရောင်းချခြင်းဖြစ်ပြီး သုံးခွမြို့နယ်အတွင်းသို့ တစ်ရက်ခြားတစ်ခါ ကုန်ပစ္စည်း များ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)