
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဒေါပုံမြို့နယ်၊ Capital Hyper Market သို့ (၂၉-၈-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး)က ကုန်ပစ္စည်း များနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်း ရှိ/မရှိ၊ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာ သာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)