
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ စျေးများတွင် မိုးရာသီတွင် အထွက်များသော မျှစ်ချဥ်သည် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များပေါများသည့်အပြင် စားဖိုသီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာသီ၌သာ ရရှိသောကြောင့် ကျန်ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံးကြသလို ကြော်ချက်၊ အပြုတ်၊ အတို့အမြုပ်အဖြစ်လည်း စားသုံးကြသည်။ ချဉ်သောအရသာရှိ၍ အနံ့ပျင်းသောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင်များများဖြင့် ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည်ဖြစ်ပါသည်။
၂၀၂၅ခုနှစ်၊ ယခုသြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော မျှစ်ချဥ် ဈေးနှုန်းမှာ (၁၀၀၀၀)ကျပ်နှင့် (၁၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)