မြိတ်မြို့သို့ စားအုန်းဆီပေပါများရောက်ရှိလာ

Powered by Drupal

       မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် မြိတ်ခရိုင်အတွက်လိုအပ်သောဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး Global Good Pure Group ကုမ္ပဏီမှ (၁၅.၈.၂၀၂၅)ရက်နေ့တွင် ဝယ်ယူ၍ မော်တော်ယာဉ်အမှတ် 6C-5057 ဖြင့် စားအုန်းဆီ ပေပါ (၇၂) တင်ဆောင်ပြီး ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ရောက်ရှိလာသောစားအုန်းဆီများကို ဆီအရောင်းကိုယ်စားလှယ်မှ ၂ ရာခိုင်နှုန်း အမြတ်ဖြင့် လက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)