ကော့သောင်းမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကော့သောင်မြို့၊ အေးရိပ်ငြိမ်းရပ်ကွက်တွင် သောက်ရေသန့်ထုတ်လုပ်နေသည့် လုပ်ငန်းအား သက်ဆိုင်ရဌာနများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မိမိတို့ထုတ်လုပ်သော သောက်ရေသန့်လုပ်ငန်းများ၌ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ ပြည့်စုံ စွာပါရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုက်ညီမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်မည့်အကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)