ကော့သောင်းမြို့နယ် ဆက်သွယ်ရေးဝန်‌ဆောင်မှုကဏ္ဍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံး မှ ဝန်ထမ်းမျာသည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဦးစားပေး စစ်ဆေးရမည့် ဝန်‌ဆောင်မှုကဏ္ဍအနေဖြင့် စားသုံးသူ နစ်နာမှုမရှိစေရေးအတွက် MPT အင်တာ နက် ဝန်ဆောင်မှုအား မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် MPT ဆက်သွယ်ရေး အော်ပ‌ရေတာရုံးခွဲသို့ စစ်ဆေးရာတွင် ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်၊ စားသုံးသူများ အင်တာနက်ဝန်ဆောင်မှု သုံးစွဲရာတွင် အရည်အသွေးပြည့်မီသည့် အင်တာနက်ဝန်ဆောင်မှုရရှိစေရေး၊ စားသုံးသူပြည်သူများထိခိုက်နစ်နာမှု မရှိစေရေးကို MPT အင်တာဝန်ဆောင်မှုနှုန်းထားများအား အများပြည်သူလွယ်ကူစွာသိရှိနိုင်အောင်ဆောင်ရွက်စေ ရေး၊ ဆက်သွယ်ရေးကုမ္ပဏီများမှ အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး လိုအပ်သည့် သ တင်းအချက်အလက်ပြည့်စုံမှန်ကန်စွာ စားသုံးသူများကြိုတင်ရှင်းလင်း အသိပေးဆောင်ရွက်စေ ရေး စားသုံးသူမှ အင်တာနက်ဝန်ဆောင်မှု သုံးစွဲရာတွင် စားသုံးသူအခွင့်အရေးတရပ်အနေဖြင့် အ ခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်သည့်အကြောင်း၊ စီးပွားရေး လုပ်ငန်းမှလည်း ကျင့်ဝတ်နှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အသိပညာပေး ခြင်း ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည့်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)