မအူပင်ခရိုင်မှ ငါးမွေးမြူရေးကန်နှင့်၊ ငါးဦးစီးဌာနပိုင် ငါးကန်များ ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနား တက်ရောက်ခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အလန်းအုပ်ချောင်းကျေးရွာတွင် ငါးလုပ်ငန်း ဦးစီးဌာနမှငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားသို့ မအူပင်ခရီုင်ဦးစီးမှူးမှ ၂၀-၈-၂၀၂၅ရက်နေ့ နံနက် ၁၀နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။

    ငါးသယံဇာတများ တိုးပွားလာစေရေးနှင့် ငါးမျိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့ အတွက် ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲတွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဥက္ကဌက အလန်းချောင်းကျေးရွာ ရှိ ချောင်းအတွင်းသို့ ငါးမျိုးများ ဦးဆောင်စိုက်ထည့်ပေးပြီး ၊ စားသုံးသူရေးရာခရိုင်ဦးစီးမှူးက ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးပေးသော ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၃၀၀၀ ကို စိုက်ထည့်ပေး ခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများက ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)