ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်သည့် ပင်မကျောင်းဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် စားရိပ်သာအဆောက်အဦ ပန္နက်ရိုက်ခြင်းအခမ်းအနားတက်ရောက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်အတွင်း (၂၁၀ပေ x ၁၀၆ပေ) RC ၃ထပ်ပင်မကျောင်းဆောင်၊ (၁၂၀ပေ  ၅၀ပေ) RC ၁ထပ်ခွဲဘွဲ့နှင်းသဘင်ခန်းမနှင့် (၁၄၀ပေ x ၆၀ပေ) RC၂ထပ် စားရိပ်သာတည်ဆောက်ခြင်း ပန္နက်ရိုက်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ သတ်မှတ်ထားသည့်မြေနေရာ အသီးသီးတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပန္နက်များရိုက်ပေးခဲ့သည်။

     ဦးစွာ တာဝန်ယူဆောက်လုပ်မည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " အဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့်အညီ ဆောက်လုပ်ရမည့်အပြင် အဆောက်အဦ အရည်အသွေး ပြည့်မီရေးအတွက် ငလျင်ဒဏ်ခံနိုင်ရေးကိုပါ ထည့်သွင်းတွက်ချက် ဆောက်လုပ်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်" မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်ရိုက်မည့် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီးနောက်  မင်္ဂလာအချိန်တွင် အသီးသီးပန္နက်ရိုက်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

(DOCA ဧရာဝတီ)