
နတ်တလင်းခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒု - ခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်း မြို့နယ် တာဝန်ခံ ဒေါ်အေးအေးဆွေနှင့် ဝန်ထမ်းများသည် (၁၈.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၂း၀၀)နာရီ အချိန်တွင် မြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ နတ်တလင်းမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသော ကုန်မာဆိုင်များသို့ သွားရောက်ပြီး သွပ် ၊ သံ ၊ ဘိလပ်မြေ ရောင်းချနေမှု၊ သံချောင်း ၊ အိမ်သုပ်ဆေး ၊ ရောင်းချနေမှုနှင့် ဈေးကွက်၊ ဈေးနှုန်း၊ အခြေအနေတို့အား အဖွဲ့စုံတို့ဖြင့် စစ်ဆေးခဲ့ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းမြို့ပေါ်ရှိဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှု အခြေအနေများ အားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း အခြေအနေများ အားလည်းကောင်း၊ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ ပြတ်လပ် မှုမရှိ ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)