
ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင်တည်ရှိသော သီပေါမြို့နယ်သည် နာနတ်သီးအများဆုံး ထွက်ရှိရာ ဒေသဖြစ်ပြီး သီပေါဘက်မှ နာနတ်သီးများကို ပြည်တွင်းဈေးကွက်အပြင် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ရေလမ်း၊ လေကြောင်းလမ်း များမှတစ်ဆင့် တင်ပို့ ရောင်းချလျက်ရှိကာ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ လျက်ရှိပါသည်။ သီပေါနာနတ်သီးများသည် တရုတ်ဈေးကွက်တွင် ရှမ်းနာနတ်အဖြစ် အမှတ်တံဆိပ် တည်ဆောက်နိုင်ခဲ့ပြီး ပြည်ပဈေးကွက်အတွက် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီနေပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ ဈေးများနှင့် ကားလမ်းဘေး များတွင် ရှမ်းပြည်နယ်၊ သီပေါမြို့မှ နာနတ်သီးများကို ရောင်းချလျက်ရှိနေပါသည်။ သီပေါဘက်မှ လာသော နာနတ်သီးတွင် ပျားရည်နာနတ်နှင့် ကျောက်စိမ်းနာနတ်ဟူ၍ နှစ်မျိုးရှိပြီး အခြားနာနတ်သီး များထက် ပိုမိုချိုမြိန်ပြီး အနံ့ မွှေးကြိုင်ပါသည်။ ယခင်နှစ်က နာနတ်သီးတစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ် အထိ ရောင်းချခဲ့ပြီး ယခု၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် နာနတ်သီးတစ်လုံးလျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချ လျက်ရှိကာ ယခင်နှစ်ထက် ဈေး အနည်းငယ်သာမြင့်တက်သွားခဲ့ပြီး ယခုနှစ်တွင်လည်း နာနတ်သီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)