မိတ္ထီလာပေါက်ချောင်းဈေးဘုရားပန်းဈေးကွက်

Powered by Drupal

         မိတ္ထီလာမြို့ရှိ ပေါက်ချောင်းဈေးသည် မိတ္ထီလာ(တောင်)ကန်၏ အနီးနားမှာရှိပြီး နေ့စဉ်ပိတ်ရက်မရှိ ဈေးသည်၊ ဈေးဝယ်များနှင့် စည်ကားလျက်ရှိပါသည်။ ပေါက်ချောင်းဈေးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ဘုရားပန်းစသည့် လက်လီဈေးသည်များမှာ ဈေးဝယ်များနှင့် နေ့စဉ်အရောင်းသွက်သည်ကို တွေ့ရသည်။

          ဩဂုတ်လ တတိယပတ်၊ ပေါက်ချောင်းဈေးရှိ ဘုရားပန်းဈေးသည်များတွင် ပန်းတိမ်မနိုင်၊ ကျောက်ဆည်သပြေငုတ်၊ ဂန္ဓမာ(အဖြူ/အဝါ/ပန်း/ခရမ်း) တို့အပြင် ယခုတပတ်မှာတော့ သစ္စာပန်းများပါ ရောင်းချနေတာကိုတွေ့ရပါတယ်။ ဈေးနှုန်းများအနေနဲ့ ပန်းတိမ်မနိုင်(၁၀ခက်စီး) တစ်စီး (၄၀၀၀-၅၀၀၀)ကျပ် ဂန္ဓမာ(အဖြူပွင့်အကြီး) တစ်စီး (၅၀၀၀)ကျပ် အဝါပွင့်ကြီးတစ်စီး (၄၀၀၀) ပန်းခရမ်းရောင် အပွင့်သေးတစ်စီး (၃၀၀၀)ကျပ် ကျောက်ဆည်သပြေငုတ် တစ်ငုတ် (၁၀၀၀) ကျပ် သစ္စာပန်းအဖြူ (၅)ခက်စီးတစ်စီး (၃၀၀၀)ကျပ်များနဲ့အရောင်းအဝယ်ဖြစ်နေပြီး ဩဂုတ်လဆန်းနှင့် နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအနေနှင့် နေအိမ်၊ ဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုရားပန်းကိုမညှိုးအောင် ကပ်လှူကြတဲ့အတွက် ဘုရားပန်းဈေးကွက်ကတော့ ရာသီမရွေးအရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)