ကျိုက်လတ်မြို့ “ဝေမာ” ကုမ္ပဏီ ဆန်စက်မှ စပါးသည် ရန်ကုန်သီလဝါဆီသို့

Powered by Drupal

       ကျိုက်လတ်မြို့နယ်ရှိ Wilmar Myanmar Riceland. Kyaiklat.L.td မှ  ကျိုက်လတ်မြို့နယ် အတွင်းရှိ စပါးများကို နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ဝယ်ယူ ကြိတ်ခွဲလျက် ရှိပါသည်။ ပေါင်းဆန်အနေဖြင့် တန်(၁၀၀) ၂၄ နာရီ ထုတ်လုပ်နိုင်ပြီး ဆန်စက် အနေဖြင့် တန်(၂၅၀) ၂၄ နာရီ ထုတ်လုပ်နိုင်ပါသည်။ကြိတ်ခွဲထုတ်လုပ်ပြီး ဆန်နှင့် ပေါင်းဆန်၊ ဇကွဲ၊ ဖွဲနု များကို ရန်ကုန် သီလဝါရှိ “ဝေမာ” ကုမ္ပဏီ သို့ ပို့ဆောင်ပေးလျက်ရှိပါသည်။

          ကျိုက်လတ်မြို့နယ်ရှိ “ဝေမာ” ဆန်စက်မှ အထိုင်ဝယ်ယူရရှိထားသည့် စပါးများကို ပေါင်းဆန်တန်းမြင့် (၂၄) နာရီ တန်(၅၀၀) ကျ အဆင့်မြင့်နေသည့် ကာလအတွင်း ရန်ကုန်သီလဝါရှိ “ဝေမာ” စက်ရုံသို့ စပါးများ သယ်ယူကြိတ်ခွဲခွင့်ကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြလျောက်ထား ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စပါးတင်း(၁၇၆၀၀၀၀) တန်ချိန်အား ဖြင့် (၄၀၀၀၀) အား သယ်ယူခွင့် ပြုပါသည်။

          ထိုသို့ သယ်ယူရာတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ စားသုံးသူရေးရာ၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဆန်စပါးလုပ်ငန်းရှင်၊ မီးသတ်ဦးစီးဌာန တို့ (ပူးပေါင်း)အဖွဲ့နှင့်အတူ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ၊ ခရိုင်စားသုံးသူရေးရာတို့မှ ပူးပေါင်း၍ ဆန်အရည်အသွေး စစ်ဆေးပြီးမှ သယ်ယူခွင့် ပြုပါသည်။

          ကျိုက်လတ်”ဝေမာ” ဆန်စက်မှ သီလဝါသို့ “အေးချမ်းခွန်အား-၅” ရေယာဉ်ဖြင့် စပါးတန်ချိန် (၁၀၄၂) တန်၊ စပါးတင်း (၄၅၈၄၈) အား တင်ဆောင်ထားရှိမှုကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ထွက်ခွာခွင့် ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

(Docaဧရာဝတီ)