
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ဖြင့် (၁.၉.၂၀၂၅) နေ့တွင် ရွှေိဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် လိုင်စင်တွင် တင်ပြထားသော အရောင်းအဝယ် အလေးချိန်၊ အချိန်/အတွယ်များကို တိကျမှန်ကန်မှုရှိ/မရှိ၊ ရောင်းချသည့် ရွှေအရည်အသွေး အနိမ့်ဆုံး တင်ပြ လျောက်ထားသည့် (၁၄) ပဲရည်အောက် မရောက်ရှိစေရန် ဆိုင်များမှ ဂရုတစိုက် ပြုလုပ်ကြရန် နှင့် ရွှေနှင့် ပက်သက်၍ အရေးကြီး ကုန်စည်ဥပဒေဖြင့် ကြေငြာထားပြီး ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း လိုက်နာဆောင်ရွက်ကြရန် ရွှေဆိုင်များအား သတိပေးခဲ့ သည်ဟု ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။
(Docaဧရာဝတီ)