ဒေးဒရဲမြို့၊ ညောင်တပင်ကျေးရွာ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနမှ ဒေးဒရဲမြို့နယ် တာဝန်ခံဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) နေ့လယ်  (၁၄:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ ညောင်တပင်ကျေးရွာ အ.မ.က ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တောင်းဆိုရယူတတ်စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိ ပြုရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ လူကိုယ်တိုင် ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/မ နှင့် ကျောင်းသား/သူ (၇၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)