
ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၁.၉.၂၀၂၅) နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ၊ ပုဒ်မ (၄၁) အရ ထားသိုသိမ်းဆည်းပုံ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်သည့် ရက်စွဲ၊ အလေးချိန် ဂရမ် စသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိရန်လိုကြောင်း၊ ပုဒ်မ (၄၃) အရ မြန်မာဘာသာဖြင့် ဖြစ်စေ၊ အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားရှိမှသာ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း ၊ စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)