လေးမျက်နှာမြို့နယ် သီရိမင်္ဂလာဈေးအတွင်း တရားမဝင်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍(၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် လေးမျက်နှာမြို့နယ် သီရိ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် လေးမျက်နှာမြို့ သီရိမင်္ဂလာဈေးအတွင်း တရားမဝင်ကုန်စည်များ ရောင်းချမှုမရှိခြင်း၊ ရောင်းချလျက်ရှိသော  အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချ မှုမရှိခြင်း၊ ဈေးကစားရန်သိုလှောင်သိမ်းဆည်းမှုများ မရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ အသင့်စားသောက် ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)