မိတ္ထီလာမြို့ဈေးကွက်တွင် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့မဈေးအတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်း၌ ဂေါ်ဖီနှင့် ပန်းဂေါ်ဖီများကို ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်းဘက်မှ ဝင်ရောက်လျက်ရှိပါသည်။

          ဩဂုတ်လ တတိယပတ်တွင် ပန်းဂေါ်ဖီအသေးတစ်ပွင့်လျှင် (၈၀၀)ကျပ်၊ အလတ်တစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ အကြီးတစ်ပွင့်လျှင်(၂၀၀၀)ကျပ်ရှိကြောင်း၊ ဂေါ်ဖီအသေးတစ်ထုပ်လျှင်(၅၀၀)ကျပ်၊ အလတ်တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ အကြီးတစ်ထုပ်လျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၀၀)ကျပ်၊ အလတ်တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ အကြီးတစ်ပွင့်လျှင်(၅၀၀)ကျပ်၊ ဂေါ်ဖီအသေးတစ်ထုပ် လျှင်(၂၀၀) ကျပ်၊ အလတ်တစ်ထုပ်လျှင်(၃၀၀)ကျပ်နှင့် အကြီးတစ်ထုပ်လျှင်(၈၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း၊  ဈေးနှုန်းမြင့်တက်လာခြင်းမှာ စိုက်ကွင်းများအတွင်း မိုးမပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြှုပ်သဖြင့် ဈေးကွက်အတွင်း အဝင်နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(မန္တလေး)