
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်ပြီး ဆီထွက်သီးနှံနှင့်ပဲမျိုးစုံများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။ ၄င်းသီးနှံ များမှာ ခရိုင်အတွင်း ရိတ်သိမ်းပြီးစီးပြီဖြစ်၍ ယခုအချိန်တွင် သီးနှံများမှာစျေးနှုန်း ကျဆင်းရာမှ အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း သိရှိရပါသည်။ ကုလားပဲV2 တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၁၀၃၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၈၂၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၈၅၀၀၀/-)ကျပ် သို့လည်းကောင်း၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၉၀၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၇၅၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၇၉၀၀၀/-)ကျပ်သို့ လည်းကောင်း၊ နှမ်းဖြူ တစ်တင်းလျှင် ပေါ်ခါစအချိန်တွင် (၁၂၆၀၀၀/-)ကျပ် ရှိရာ သြဂုတ်လဆန်းတွင် (၁၀၅၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လဒုတိယပတ်တွင် (၁၁၄၀၀၀/-)ကျပ်သို့လည်းကောင်း၊ နှမ်းညို တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၁၀၃၀၀၀/-) ကျပ်ရှိရာ သြဂုတ်လဆန်းတွင် (၈၂၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လ ဒုတိယပတ်တွင် (၉၀၀၀၀/-)ကျပ်သို့လည်းကောင်း ၊ ပဲတီစိမ်း တစ်တင်းလျှင် ပေါ်ခါစ အချိန်တွင် (၁၂၃၀၀၀/-)ကျပ်ရှိရာ သြဂုတ်လဆန်းတွင်(၁၀၀၀၀၀/-)ကျပ်သို့ ကျဆင်းသွားရာ သြဂုတ်လ ဒုတိယပတ်တွင် (၁၀၃၀၀၀/-)ကျပ်သို့လည်းကောင်း၊ စျေးနှုန်းများ အနည်းငယ်ပြန်လည် မြင့်တက်လာကြောင်း၊ သီးနှံများမှာ ရိတ်သိမ်းပြီးဖြစ်၍ တောင်သူလက်ဝယ်၌သာ ကျန်ရှိပြီး စျေးနှုန်းများအနည်းငယ် မြင့်တက်လာသောကြောင့် တောင်သူအနည်းငယ်သာ ပွဲရုံများသို့ လာရောက်ရောင်းချပြီး အချို့မှာ တက်စျေးကိုမျှော်ပြီး တောင်သူများလက်ဝယ်၌ သိုလှောင်ထားရှိကြောင်း၊ မြို့ပေါ်ရှိ သီးနှံပွဲရုံများတွင်လည်း အရောင်းအဝယ်နည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)