
ဩဂုတ်လ တတိယအပတ်တွင် ပုသိမ်မြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိနေကြောင်း သိရှိရပါသည်။ ယခုအပတ်ဈေးနှုန်း မှာ ထိုင်းဆင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ ကြံနှစ်ကောင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ အပါချီ အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်တို့ ဖြစ်ကြောင်းသိရှိရပါသည်။
ဩဂုတ်လ ဒုတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ ဈေးနှုန်း အနည်းငယ်ကျဆင်းမှုရှိပြီး ဘိလပ်မြေဈေးကွက်မှာ မိုးတွင်းကာလဖြစ်သောကြောင့် ဒေသတွင်း ဝယ်ယူမှု နည်းသော်လည်း ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိ၍ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
Doca (ဧရာဝတီ)