
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(ဦးစီးမှူး)သည် (၂၀-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ “Online ဖြင့်ရောင်းချခြင်းအတွက် Online မှတ်ပုံတင်ခြင်း အကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏” လုပ်ငန်း တာဝန်များအကြောင်း Talk Show ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆွေးနွေးပြောကြားရာတွင် Online ဖြင့် ရောင်းချခြင်းအတွက် မှတ်ပုံတင်ရာတွင် တင်ပြရမည့် အချက်အလက်များ ကုန်စည်(၂၂)မျိုးနှင့် ဝန်ဆောင်မှု (၁၄)မျိုးအကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ်ပြီး၊ မြေပြင်စစ်ဆေးရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးရသည့်အကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့် Online မှရောင်းချလျှင် မှတ်ပုံတင်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေပုဒ်မ-၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် Online လိမ်လည်မှု များ မဖြစ်စေရန်အတွက် Online မှ ဝယ်ယူမည်ဆိုလျှင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေး ပြီးဝယ်ယူစေလိုပါကြောင်း Talk Show ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)