အွန်လိုင်းစနစ်ဖြင့်‌ရောင်းချခြင်း လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ) နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ‌ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ  လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို (၂၀-၈-၂၀၂၅) ရက် နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် စားသောက်ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ‌‌ရောင်းချသည့် အိမ်အမှတ်(၃၀၁၇၉)၊ စွယ်တော်(၁၀)လမ်းနှင့် (၁၇)လမ်းကြား၊ ဧရာဝတီလမ်း၊ ဇဝနဒီပရပ်ကွက်၊ ပုဗ္ဗသီရိ မြို့နယ်သို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေး‌ရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ် ရေး ဥပဒေပါအခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)