
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဝယ်ယူသုံးစွဲလျက်ရှိသော အသင့်စားမုန့်ဆိုင်များတွင် ရောင်းချနေသော မုန့်များအား ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် (၁၅.၈.၂၅) ရက်နေ့၊ နံနက် (၈း၃၀) အချိန်တွင် ကန်ကြီးထောင့်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ မုန့်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မုန့်များတွင် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ စားသုံးရန်(သို့မဟုတ်) အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီးသော မုန့်ထုပ်များကိုသာ ရောင်းချရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
DOCA (ဧရာဝတီ)