မော်လမြိုင်မြို့၏ ပဲမျိုးစုံဈေးနှုန်း နှင့်အာဟာရ

Powered by Drupal

      ပဲမျိုးစုံများကို မွန်ပြည်နယ်အတွင်း စားသုံးသူများပြားသည်။ ပဲမှရသော အာဟာရနှင့် ကျန်းမာရေးဓာတ်စာအဖြစ်နှစ်သက်စွာ စားသုံးခြင်း၊ လူမျိုးမရွေးစားသုံးခြင်း၊ သက်သတ်လွတ် စားသုံးသူများအနေဖြင့် ပဲမျိုးစုံကို အဓိက စားသုံးခြင်း၊ မုန့်ပဲသရေစာအဖြစ် အကြော် ပြုလုပ်ခြင်း၊ အသုပ်ပြုလုပ်စားသုံးဖြင့် အာဟာရအဖြစ် စားသုံးကြသည်။ ပဲတွင် ပါဝင်သော အာဟာရဓာတ်စာတွင် ခန္ခာကိုယ်အတွက် ဗီတာမင်၊ သံဓာတ်၊ ပရိုတင်း၊ သတ္တုဓာတ် စသည်တို့ အမြောက်အမြားပါဝင်နေသောကြောင့် လူသားတို့ကျန်းမာရေးအတွက် အရေးပါသည်။

          အဆိုပါ ပဲမျိုးစုံဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (စတုတ္တပတ်)အတွင်း ပဲတီစိမ်း(ရွှေဝါ) အသစ် ၂၀ ပိဿာ(တစ်တင်း) ကျပ် ၁၄၂၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၄၀၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၉၆၂၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၈၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၇၈၀၀၀၊ ပဲပုပ် (အသစ်) ၂၀ပိဿာ(တစ်တင်း)ကျပ် ၁၀၀၀၀၀၊ မြေပဲ(အသစ်)၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၆၀၀၀၀ ဖြစ်ကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးမှ သိရသည်။

DOCA (မွန်)