
မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ မွန်ပြည်နယ်ဒေသထွက် အသီးများ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့မှ အသီးသီးဝင်ရောက်သည့် သစ်သီးဝလံများ ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင်အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ဖရဲသီး(အလုံးကြီး) ကျပ် ၅၀ဝ၀၊ (အလုံးလတ်) ကျပ် ၄၀ဝ၀၊ (အလုံးသေး) ကျပ် ၃၅ဝ၀ မှ ၂၅ဝ၀၊ ကျွဲကောသီး ပန်းရောင် (အလုံးကြီး) ကျပ် ၅၀၀ဝ၊ (အလုံးလတ်) ကျပ် ၄၀ဝ၀၊ (အလုံးသေး) ကျပ်၃၀ဝ၀၊ နာနတ်သီး (အလုံးကြီး)ကျပ် ၃၅၀ဝ (အလုံးလတ်) ကျပ် ၃၀ဝ၀၊ (အလုံးသေး) ကျပ် ၂၀၀ဝ ဖြစ်ပြီး၊ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၉၀၀ဝ၊ အလုံးလတ် ကျပ် ၈၀၀ဝ၊ အလုံးသေး ကျပ် ၅၀၀ဝ၊ နဂါးမောက်သီး တစ်လုံးလျှင်(အကြီး) ၄၅၀၀ကျပ်၊ (အသေး)၄၀၀၀ကျပ်၊ စပျစ်သီး (အလုံးသေး) တစ်ပိဿာလျင် ၁၉၀၀၀ကျပ်၊ စပျစ်သီးအစေ့လွတ် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ပန်းသီး တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ မကာလာသီး အကြီး တစ်လုံးလျှင် ၂၅၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၁၀၀၀ ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင် ၄၀၀၀ကျပ် မှ ၃၅၀၀ကျပ် ခန့်ရှိကြောင်း အဆိုပါ ဈေးနှုန်းများကို မော်လမြိုင် သစ်သီးဝလံ အရောင်းဆိုင်မှ သိရှိရသည်။
DOCA (မွန်)