
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၂၀.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ပလနကျေးရွာရှိ ခါကာဘိုရာဇီသောက်ရေသန့်စက်ရုံမှ လုပ်သားဝန်ထမ်း(၁၆)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့်အားသာချက်၊အားနည်းချက်များ၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂)မျိုး၊စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့်ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုဝယ်ယူရာတွင် စိစစ်သင့်သည့်အချက်အလက်များ၊ မှတ်ပုံတင်ထားသောအွန်လိုင်းရောင်းချမှုလုပ်ငန်းများမှဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊တရားမဝင်တင်သွင်းလာသည့်ကုန်ပစ္စည်းများအားOnline မှတဆင့်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူရန်နှင့် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)