
မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၀.၈.၂၀၂၅ ရက်နေ့ ၁၀:၀၀ အချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၂)ဦး (အသက် ၃၀ အထက် ကျား- ၁ဦး၊ မ- ၁ဦး)နှင့် ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှု စပ်လျဉ်း၍ ဘေး အန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင် ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)