ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၉-၈-၂၀၂၅ )ရက်နေ့၊ နေ့လယ်(၁:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင် (၄)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ  အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ယခုအချိန်မှာ မိုးရာသီ ကာလဖြစ်သည့်အတွက် အဆောက်အဦး ဆောက်လုပ်ခြင်းလုပ်ငန်းများ နည်းပါးလာခြင်း၊ မြို့နယ် အလိုက် ဘိလပ်မြေများလိုသလောက်မှာယူရရှိနိုင်ခြင်း၊ ပစ္စည်းများပြတ်လပ်မှုမရှိခြင်းတို့ကြောင့် ဈေးနှုန်းများကျဆင်းလာခြင်း၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များတွင် ဘိလပ်မြေအိတ် လက်ကျန်ရှိလာခြင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်အလိုက် ရောင်းချပေးနိုင်ခြင်းနှင့် Alpha တစ်အိတ် လျှင်(၂၀၀၀ဝိ/-)ကျပ်၊ အုတ်တစ်လုံးလျှင် (၃၀ဝိ/-)ကျပ်၊ သံတစ်တန်လျှင် (၂၂၀၀၀၀ဝိ/-)ကျပ်ဈေး တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိ ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

                                       

(DOCA ဧရာဝတီ)