ကျေးရွာများတွင် ရောင်းချနေသော ဘိလပ်မြေ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးရွာများ အတွင်းရှိ ဘိလပ်မြေ ရောင်းသည့်ဆိုင်၊ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများ သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၁-၈-၂၀၂၅) နေ့မွန်းလွဲပိုင်း (၁) နာရီအချိန်က လိုက်လံစစ်ဆေးခဲ့သည်။

      ထိုသို့ ဘိလပ်မြေအရောင်းဆိုင်များစစ်ဆေးရာတွင် တာဝန်ရှိသူများနှင့် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ၊ ညောင်တုန်းမြို့နယ်အနီးကျေးရွာ အတွင်းရှိ ဘိလပ်မြေများ၊ သံချောင်းများ၊ အထပ်သားများရောင်းသည့်ဆိုင်များတွင် ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးသုံးပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုရှိမရှိ ကုန်အညွှန်အမှတ်အသားပြည်စုံစွာဖော်ပြပါရှိခြင်း ရှိမရှိ ဈေးကွက်အတွင်း ပစ္စည်းများ သိုလှောင်ထားခြင်းမပြုရန်တို့ကို စစ်ဆေးခဲ့ကြပြီး ဆိုင်ရှင်များကို လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)