
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့က နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဆန်စပါးလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာ ပေးဆွေးနွေး ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုးမှ ဆန်လုပ်လုပ်ငန်းရှင်များ ဆွေးနွေးကြရာ ဓနုဖြူနယ်ရှိ ဆန်စက်ဖွံ့ဖြိုးတိးတက်ရေးအတွက် တင်ပြဆွေးနွေးကြပြီး၊ ဆန်စပါးဈေး ကွက်တည်ငြိမ်ရေး ဆွေးနွေးခြင်း၊ Gasifierသုံးဆန်စက်များအနေဖြင့် ရေစစ်ကန်များကို စနစ်တကျ လုပ်ငန်းဆောင်ရွက်စေလုပ်ကိုင်ခြင်းများပြု လုပ်ရန်ဆွေးနွေး ကြပြီး ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကိုစီးပွားရေးလုပ်ငန်းရှင်များ သိရှိရန် ဥပဒေပါအချက်အလက်များကို အကျယ်တဝင့်ဆွေး နွေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)