ညောင်တုန်းမြို့နယ် အ.ထ.က-၂တွင် စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်နည်းပြသင်တန်းတွင် အွန်လိုင်းအသိပညာပေး ဟောပြောခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နဉ် ဦးစီးမှူးရုံးမှ မှ တာဝန်ရှိသူများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်အသိပညာပေး စဉ်ဆက်ပညာရေး လုပ်ငန်းမြို့နယ်အဆင့်နည်းပြသင်တန်းတွင် အွန်လိုင်းအသိ ပညာပေး ဟောပြောခြင်းကို ၂၀-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ဟောပြောခဲ့သည်။

      ဟောပြောရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်က အွန်လိုင်း မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ဆရာ/ဆရာမ ၅၄ဦးကို အသိပညာပေးဟောပြောခဲ့ရာ စားသုံးသူအဓိပ္ပာယ် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အမည်နှင့်  အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုရှင်းလင်းခြင်း အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊အားနည်းချက်၊အွန်လိုင်းမှလိမ်လည်မှုပုံစံ()မျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍စားသုံးသူများစိစစ်သင့်သည့်အချက်အလက်များ ကိုရှင်းလင်းခြင်း။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အကြောင်း၊  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံ တင် ခြင်းဆိုင်ရာ အမိန့်ကြော်ငြာ စာအမှတ် ၅၁/၂၀၂၃ အား လိုက်နာဆောင်ရွက်ရန်၊ ကုန်သွယ်ရေး ဦးစီးဌာန ၏ eComReg System  Report နှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းအဆင့်ဆင့်ကို ရှင်းလင်းခြင်း၊ eComReg  System တွင်လုပ်ငန်းရှင်ကိုယ်တိုင်မှတ်ပုံတင်ဆောင်ရွက်နိုင်ကြောင်းကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချ ခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

DOCA(ဧရာဝတီ)