
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ဇော်ဦးသည် မြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက် (၆)ခု၏ အခြေအနေနှင့် လျှပ်စစ်ဓာတ်အား ထွက်ရှိမှု အခြေအနေများ၊ Gasifire Disel စက်အသုံးပြုရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် စွန့်ပစ်ကန့်များဖြင့် စနစ်တကျ ထားရှိအသုံးပြုမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)