ဓနုဖြူမြို့နယ် တိုင်းရင်ဆေးရောင်းချနေသော ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၃) ရပ်ကွက်ရှိ  ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များ၌ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများ အား ဈေးကွက်အတွင်း ရောင်းချမှုရှိမရှိကို ၂၁-၈-၂၀၂၅ ရက်နေ့ နေ့နံနက်ပိုင်း ၈နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျစစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း မှတ်ပုံတင်ထားရှိမှုမရှိသော ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ၊ စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် ကုန်အညွှန်အမှတ်အသား ဖော်ပြထားရှိသည့် မှတ်ပုံတင်ထား၇ှိပြီးဖြစ်သောကုန်စည် ဆေးဝါးများကိုသာရောင်းချရန်  စားသုံးသူရေးရာ ဦးစီးဌာနမှ ဓနုဖြူမြို့နယ်မှ ဝန်ထမ်းများ၊ မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက  ဓနုဖြူ အမှတ်(၃) ရပ်ကွက်ရှိ  ဆေးဆိုင် ၈ဆိုင်၊ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်ခန်းများ တွင်  တိုင်းရင်းဆေး မှတ်ပုံတင်မရှိသော ဆေးဝ်းများ ရောင်းချခြင်းရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

      စစ်ဆေးရာတွင် FDA၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တို့ပူးပေါင်းပါဝင်စစ်ဆေး ခဲ့ကြောင်း သိရသည်။

     ထို့နောက် စားသုံးသူဘေးကင်းလုံခြုံစေရေးအတွက် ဈေးဆိုင်များကိုလည်း တားမြစ်ကုန်ပစ္စည်းများ  ရောင်းချခြင်းမပြုကြရန် စသည်တို့ကိုလည်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)